Jan 31st, 2019
Stellar Seven Entertainment မှ စီစဉ်ရိုက်ကူးပြီး Fortune TV Channel (free-to-air)မှ လာမည့် မေ လတွင် ထုတ်လွှင့်ပြသမည့် အဆောင် ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲအခမ်းအနားကို ၃၁.၁.၂၀၁၉ မနက်(၉)နာရီတွင် ရွှေတိဂုံဘုရားအောင်မြေ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ထို အဆောင် ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ အကယ်ဒမီ မလိခစိုးထိုက်အောင် မှရိုက်ကူးမှာဖြစ်ပြီး ဇာတ်လမ်း၊ဇာတ်ညွှန်း မယ်ခိုင်၊ ရွှေပြည့် နှင့် ဆုသြချယ်တို့က ရေးသားပုံဖော်ထားကြပါတယ်ခင်ဗျာ။ ပါဝင်သရုပ်ဆောင်မည့် သရုပ်ဆောင်များကတော့ ညိမ်းသော်၊ ဆုထက်ကုဋေ၊ စဝ်ယွန်းဝတီဦး၊ ဆုထက်၊ ဆုရည်ထက်၊ ဖြိုးပပထူး၊ မေစီမေ၊ ရွှန်းယမုံ၊ သဲသဲစုငြိမ်း၊ ဟိန်းဇာနည်ခိုင် နှင့် သရုပ်ဆောင်များစွာကပါဝင်သရုပ်ဆောင်ရိုက်ကူးသွားမှာဖြစ်ပါတယ်ခင်ဗျာ။